Skip to main content

Englishစာ Self-Study ဘယ်လိုလုပ်မလဲ

Englishစာ Self-Studyဘယ်လိုလုပ်မလဲ


ဒါလေးနဲနဲပြောပြပါမယ်
Adminလေ့လာခဲ့တဲ့ စာအုပ်တွေနဲ့ ဒါတွေရဲ့အသုံးဝင်ပုံတွေ၊ လေ့ကျင့်လို့ရမယ့်ပုံတွေကို ပြောပြပေးပါမယ်

💠 ဘယ်ကထုတ်တဲ့စာအုပ်တွေလဲ ?

Cambridge Universityကထုတ်တဲ့ Englishစာလေ့လာရေးစာအုပ်တွေပါ ဒီစာအုပ်တွေက သင်ရိုးတခုပါပဲ သင်ကြားရေးမှာလဲ Textbookအနေနဲ့လဲသုံးကြပါတယ်

💠 Englishတွေပဲရေးထားတော့ Beginnerတွေအတွက်ခက်လား ?

Beginner တစ်ယောက်အတွက် ခက်ခက်ခဲခဲကြီးမဟုတ်ပါဘူး ပထမအစမှာ English to Englishလုပ်နေကျမဟုတ်ရင် တခေါက်နဲ့အဆင်မပြေရင် နောက်တခါထပ်ဖတ်ပါ
မလောပါနဲ့ နားလည်အောင် သဘောပေါက်အောင်ဖတ်ကြည့်ပါ အစပိုင်းနှေးပေးမယ့်နောက်ပိုင်းသွက်လာပါလိမ့်မယ်
Self-Studyလုပ်ဖို့ဇွဲမလျှော့ပါနဲ့
သူပေးထားတဲ့Exerciseတွေပုံမှန်လုပ်ပါ

           (Photo From Google.com)

💠 စာပဲဖတ်လို့ရတာလား ?
စာဖတ်ပြီးလေ့လာလို့ရရုံမဟုတ်ပါဘူး
စာအုပ်ဝယ်တဲ့အခါ CD ပါတာဝယ်လိုက်ပါ
Computerမှာ အခွေကိုကူးပြီး ပါတဲ့ Softwareကို Runထားလိုက်ပါ
အဲ့ဒီ Softwareထဲမှာ
✨ လေ့လာပြီးရင် Practiceလုပ်လေ့ကျင့်လို့ရမယ့် True/Falseရွေးတာမျိုးတွေ၊ Multiple Choice၊ ကွက်လပ်ဖြည့်တာတွေ၊ Matchတွဲပေးတာတွေပါပါတယ်(ပြောတာနဲနဲပိုများသွားလားမသိဘူး Appမရှိတော့လို့ပြန်ကြည့်မရလို့ပါ)
✨ ပြန်ပြီးနွှေးလို့လဲရပါတယ် ဒီတိုင်းတခန်းချင်းPracticeလုပ်တာ၊ အခန်းတွေစုပြီး Practiceလုပ် ပြန်နွှေးတာလဲရပါတယ်
✨ စာအုပ်ထဲကစာတွေကိုပဲ ထပ်ထည့်ပေးထားတာလည်းပါပါတယ်
ဘာပိုပါလဲဆို Appထဲမှာဆိုတော့ စာအုပ်ထဲက စကားပြောကိုနားထောင်လို့ရပါတယ် (စာအုပ်ထဲမှာ အသံဖိုင် ဖွင့်ဖို့ သင်္ကေတပြထားတဲ့ နေရာမှာ File nameနဲ့တိုက်ပြီး appထဲမှာ ရှာလို့ရပါတယ်)
✨ကိုယ်ဖြေထားတဲ့ရမှတ်တွေကိုလဲ သိမ်းထားလို့ရပါတယ် Scoreတွေမှတ်ထားတော့ တိုးတက်လာနှုန်းတွက်လို့ရပြီး
ပြန်လေ့လာသင့်တာ သိနိုင်တာပေါ့။

              (Photo From Google.com)

💠 ဖြေကြည့်ပြီး အဖြေတိုက်လို့ရလား

စာအုပ်ထဲက စာကိုဖြေပြီးပဲ အဖြေတိုက်ချင်ရင် Keyပါတဲ့စာအုပ်ဝယ်ပါ
softwareထဲမှာပဲ ဖြေရင် keyမပါတဲ့စာအုပ်လဲအဆင်ပြေပါတယ်


💠 Reading အတွက်ကော ?

Short Story တွေစဖတ်ကြည့်ပါ
တနေ့အတွက် Targetထားပါ တရက်ကို ၂မျက်နှာ ၃မျက်နှာ စသဖြင့် ပိုတိုးပြီးဖတ်သွားနိုင်အောင်လုပ်ပါ။ ပထမဆုံး မှန်မှန်ဖတ်နိုင်အောင်လေ့ကျင့်ပါ။ နောက်ပိုင်းမြန်လာပါလိမ့်မယ်။ သီချင်းLyricsပါတာနဲ့ နားထောင်ပြီး ဖတ်ကြည့်ပါ။

            (Photo From Google.com)

💠 Listeningအတွက် ဘယ်လိုလေ့ကျင့်မလဲ

ခုနပြောထားတဲ့ စာအုပ်နဲ့ တွဲဝယ်တဲ့ CDကနေ Listeningလေ့ကျင့်လို့ရပါမယ်
Podcastတွေနားထောင်ပါ
စာကြောင်းအသေးတွေကနေ စပြီးနားထောင်ပါ
BBC LearnEnglish Podcastသုံးကြည့်ပါ နားထောင်ပြီး Quizပြန်ဖြေလို့ရပါတယ်

Download LearnEnglish Podcast


💠 တခြားလေ့လာစရာပုံစံ ရှိသေးလား ?

ရုပ်ရှင်တွေထဲက Video clipလေးတွေဖြတ်ပြီး Vocabတွေ idiomတွေရှင်းပြတဲ့ Videoတွေ Youtubeနဲ့ Telegramမှာကြည့်လို့ရပါတယ် မလေ့လာဖူးသေးရင် Tryကြည့်သင့်ပါတယ်


💠 Writing အတွက်ရော ?

စာလုပ်တာ ကိုယ့်စံနဲ့ Targetတခုမဖြစ်မနေထားရမှာပါ ကိုယ်ရတဲ့အချိန်နဲ့ ကိုယ့်target ကိုယ်သတ်မှတ်ထားလိုက်ပါ
ဥပမာ ၂ရက်ကို Essayတပုဒ်ချရေးတာမျိုးလုပ်ပါ ကိုယ်ဖတ်ထားတဲ့စာအုပ်၊ ကြည့်ထားဖူးတဲ့ ရုပ်ရှင် ဇာတ်လမ်းအကျဥ်းချရေးတာမျိုး၊ ခေါင်းစဥ်တခုပေးပြီး Essayရေးတာမျိုးလုပ်ပါ

💠 Speakingအတွက် ဘယ်လိုလေ့ကျင့်ရမလဲ ?

စကားပြော Dialogတွေ ဖတ်ပြီး ပြောကြည့်ပါ အသံထွက်မှန်၊ လေယူလေသိမ်းကောင်းဖို့ လေ့ကျင့်ပါ accentကတော့ မြန်မာသံဖြစ်နေတာဟာ ရှက်စရာမဟုတ်ပါဘူး ရဲရဲသာထွက်ပါ
Speaking Clubတွေ Joinပါ အာလုံးက ၁ ကနေ စကြရတာပါပဲ ပြောတက်တာကိုပြောပါ ပြောရဲဖို့ပဲလိုတာပါ ဒီလိုပါပဲ စကြရတာပါပဲ ရှက်စရာမဟုတ်ပါဘူး
ရုပ်ရှင်ကြည့်ရင်းလဲ Dialogတွေ Followလုပ်ပြီး ပြောကြည့်ပါ

💠 လေ့လာဖို့ ဘာစာအုပ်အမျိုးစားတွေရှိမလဲ

ကလေးတွေအတွက် ပုံလေးတွေနဲ့ Starterစာအုပ်တွေရှိပါတယ်
Beginnerတွေအတွက် Elementaryကနေ စပြီးလေ့လာလို့ရပါတယ်

- Essential Grammar in Use

- Vocabulary in Use

- Pronounciation in Use

- Collocations in Use

- Pharasal Verbs in Use

- Idioms in Use

- တခြား Professional Fieldအတွက် လိုအပ်မယ့် Englishစကားသုံး စာအုပ်တွေရှိပါသေးတယ်
ဒါတွေက Cambridge Universityကထုတ်ထားတဲ့စာအုပ်တွေကို လက်လှမ်းမှီသလောက်ပြပေးထားတာပါ

💠 စပြီး လေ့လာရင် ဘယ်စာအုပ်တွေနဲ့
စသင့်လဲ

Grammar in Use, Vocabulary in Use, Pronounciation in Useစာအုပ်တွေနဲ့စပြီးလေ့လာသင့်ပါတယ်။ ဒီစာအုပ်တွေကိုပဲ Levelတွေခွဲထားတာမို့ Elementary ကနေစပြီးလေ့လာနိုင်ပါတယ် ပြီးမှ Pre-Intermediate/Intermediate
Upper-Intermediateကိုတဆင့်ချင်းသွားသင့်ပါတယ် Advanced ထိရှိပါတယ်

💠စာအုပ်နဲ့CDတွေ ဘယ်မှာဝယ်လို့ရလဲ

စာအုပ်ဆိုင်ကြီးတွေမှာမေးကြည့်ပါ
adminကတော့ ပန်းဆိုးတန်း စာပေလောက၊ အင်းဝစာပေ နဲ့ ရာပြည့်စာပေ ကနေ ဝယ်လိုက်တာပါ Copyစာအုပ်မို့ စာရွက်သားပေါ်မူတည်ပြီးစျေးကွာနိုင်ပါတယ်
စျေးအရမ်းမကြီးပါဘူး Adminဝယ်တုန်းက စာအုပ်အမျိုးစားလိုက်စျေးအမျိုးမျိုးမို့ စျေးမပြောတော့ပါဘူး ကြာပြီဆိုတော့ ခုချိန်စျေးတက်နေလောက်ပြီပေါ့

💠 Vocabularyကို ရုပ်ပြစာအုပ်တွေနဲ့ ကျက်လို့လဲရပါတယ် ပိုပြီးမြင်သာတာပေါ့

💠Cambridgeတခုတည်းရှိတာလား ?

တခြားကထုတ်တဲ့စာအုပ်တွေလဲရှိပါသေးတယ် Oxfordနဲ့တခြားကထုတ်တဲ့စာအုပ်တွေလဲရှိပါတယ် Headwayလိုစာအုပ်မျိုးတွေပေါ့ Cambridgeက Interchangeတွေလဲရှိပါဦးမယ် စာအုပ်တွေကတော့အများကြီးပါ သုံးဖူးတာလေးပြန်ပြောပြပေးရုံပါ

📚 စာအုပ်လေ့လာတာကပိုအဆင်ပြေမှာပေါ့
စာအုပ်ဝယ်ဖို့အဆင်မပြေသေးရင်ဖြစ်ဖြစ်၊
ဝယ်ခါနီး နမူနာကြည့်ချင်ရင်ပဲဖြစ်ဖြစ် Pdf fileနဲ့ကြည့်လို့ရအောင် ဒီLinkကနေ စာအုပ်တွေဝင်ရှာပြီး Free Downloadရယူနိုင်ပါတယ်
Z-Library
https://b-ok.asia/
(Text bookတွေ Non-fictionစာအုပ်တွေအတော်ကြီးကိုစုံပါတယ်)
အပေါ်မှာပြောထားတဲ့စာအုပ်နာမည်တွေနဲ့ရိုက်ရှာကြည့်နော်


🔮 ရှာရပျင်းရင် ဒါနှိပ်

🔮 Mc Graw Hill Language Lab
(Audioနဲ့ listeningလေ့ကျင့်လို့ရပါမယ်
Quizဖြေလို့ရပါမယ် Englishတခုတည်းမဟုတ်ပါဘူး တခြားဘသာစကားအစုံလေ့ကျင့်လို့ရပါတယ်)

🔮 Cambridgeကထုတ်တဲ့ Ship or Sheep (Pronounciationအတွက်)

ဒီအောက်က ၂ခုကတော့ အပိုထည့်ပေးထားတာပါ

🔮 DK Online English Exercise
(Levelအလိုက်Exerciseလေးတွေဖြေလို့ရပါတယ် Free versionဆိုတော့ နဲနဲပဲ​ပေါ့)

🔮 DK English For Everone
(appတော့စမ်းမကြည့်ဖြစ်ပါဘူး )

Adminသိသလောက် Self-Studyလုပ်ချင်သူတွေအတွက် သိသလောက်ပြန်ပြီးတော့ ပြောပြပေးရုံပါ။ မှားတာရှိရင်၊ လိုအပ်တာရှိရင် ပြောပြပေးသွားပါဦးနော်။

Credit img: freepik.com



Comments